အပျော်သဘောနဲ့တင်လိုက်တဲ့ ဓာတ်ပုံကြောင့် ဝေဖန်မှုများစွာရရှိနေတဲ့ မင်းသမီးချော သွန်းဆက်


shared by ThiThi on 13/07/17  -  buzzy.com.mm  -  Entertainment

မနေ့ကတင်ထားတဲ့ ပေါင်မုန့်အရှည်နဲ့ ဓာတ်ပုံကြောင့် ဝေဖန်မှုများစွာ ခံနေရတဲ့ မင်းသမီးချော သွန်းဆက်ဟာ ပရိသတ်တွေအထင်လွဲမှုအတွက် သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အောက်ပါအတိုင်း ပြန်လည်ရှင်းပြပေးထားပါတယ်။

'' ပေါင်မုန့်ကို ပေါင်မုန့်လို မမြင်ပဲ ဘာတွေမြင်ကြလဲတော့မသိပါဖူး ...ကိုယ်တွေဖေ့ဘုတ်တင်တယ်ဆိုတာလဲ ဒီလို အသားညှပ်ပေါင်မုန့်အကြီးကြီးကို အမြဲ မတွေ့ဖူးလို့ တင်ထားတာပါ နိုင်ငံခြားမှာပဲ ဒီလိုပေါင်မုန့်တွေအမြဲတွေ့ရတာ...ဒီမှာဆိုသိပ်မတွေ့ရလို့တင်တာပါ...ရိုင်းစေချင်တဲ့ဆန္ဒလဲမရှိပါဖူးရှင် ပုံတင်တော့လဲ အဆဲခံရမှာဆိုးလို့ဘလော့မယ်ရေးထားတာပါ... ဒီမှာက cele တွေဘာတင်တင်လေ မိန်းကလေးတွေ ဆိုတာလဲ မသိကြဖူး နှမချင်းမစာမနာဆဲကြလွန်းလို့ပါ.. မြန်မာဝတ်စုံတွေနဲ့ပုံတင်လဲဆဲကြ...cute ပုံတင်လဲဆဲကြ..sexy ပုံတင်လဲဆဲကြနဲ့...ဘာတင်တင်အဆဲခံနေရတာပဲလေ...ကိုယ်ချင်းစာပီါ်တွေးပေးရင်သိပ်ကောင်းမှာပဲရှင်.. all peace နော် အားလုံးကိုချစ်တယ် "
Credit: buzzy.com.mm