ပရိတ်သတ်ကို"No Money No Love"ဟုရှင်းပြလိုက်သည့် ၀ိုင်းစုခိုင်သိန်း


shared by knight on 12/07/17  -  sunthit.com  -  Entertainment

လူငယ်အဆိုတော် အောင်လနှင့် အတူသွား အတူလာ အတူတူ သီချင်းများသီဆိုရင်း ရှေ့ဆက်လျှောက်ရမည့်ဘဝကို သီချင်းများဖန်တီးရင်း ကုန်လွန်သွားရန် စဉ်းစားလျက် ရှိသည့် တေးသံရှင် ဝိုင်းစုခိုင်သိန်းက မီနီအယ်လ်ဘမ် ”မယ်သီ တာ”ကို ဇူလိုင် ၁၆ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်သည်။

အခွေလေးလုပ်ဖြစ်တာက ဝိုင်းစုရဲ့ နောက်ဆုံးထွက်ထားတဲ့ ဓဂါဓစီးရီး သီချင်း သစ်တွေနဲ့ ဒီဓမယ်သီတာဓ ဆိုတဲ့ အေ ခွထဲက သီချင်းတွေကိုပေါင်းပြီး သီချင်းအသစ် လေးတွေ ရချင်တာမို့ပါ။ ဒီနှစ်ထဲမှာလည်း တစ်ကိုယ်တော် One Lady Show” လုပ်ဖို့ရှိပါတယ်။ အောက်တိုဘာလလောက် ဖြစ်ဖို့များတယ်။

ဒီအခွေမှာ ဆိုနေကျ ပုံစံလေးတွေ မဟုတ်တဲ့အခါကျတော့ သေသေချာချာလေး ပြင်ဆင်ဖြစ်တယ်။ ဒီအခွေရဲ့ အစအဆုံး ကိုလည်း ကိုအောင်လက စိတ်ရှည်လက်ရှည်နဲ့ လိုက်လုပ် ပေးပါတယ်။ ဂီတာတီးတာကလည်း စသင်နေတုန်းပါပဲ။ ဝိုင်းစု ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက်ကတော့ ဘယ်သီချင်းလေးတွေ ဆိုမလဲ၊ ဘယ်သီချင်းမှာတော့ ဘယ်လိုလေး ပြော င်းမယ်ဆိုတာကို အခုမှ ရွေးနေတုန်းပါ။

ကျန်တာကတော့ မယ်သီ တာ အခွေထွက်ပြီးတော့မှ တိုင်ပင်ရမှာပါ။ ကိုအောင်လနဲ့အတူတူ သီချင်းတွေဖန်တီးဖို့ ဆိုတာ ကလည်း သူသွားတဲ့ Music ပုံစံနဲ့ အစ်မသွားတဲ့ Music ပုံစံက မတူတဲ့ အတွက် သူ့အခွေမှာ ကိုယ်ဝင်ဆို၊ ကိုယ့်အခွေ မှာ သူဝင်ဆိုတာလောက်ပဲ လုပ်ဖြစ် မှာပါ။ ဒါပေမယ့် အတူတူတော့ ဂီတတွေဖန်တီးဖြစ်မှာပါဓ ဟု ပြောသည်။


သူ့အနေဖြင့် နောက်ဆုံးထွက်ရှိထားသည့် ဓဂါဓ စီးရီးကိုလည်း MTVအဖြစ် ဖန်တီးသွားရန်ရှိပြီး ယခုထွက်ရှိသော တေးစီး ရီးကို တေးရေး ရွှေဂျော်ဂျော်၊ ဝေကြီး၊ ဝေယံမင်းသိန်းနှင့် အောင်လတို့ ပါဝင်ရေးသားထားကြောင်း သိရသည်။

သူကိုယ်တိုင်ရေးပေးထားတဲ့ အချစ်သီချင်းလေး နှစ်ပုဒ်ပါတယ်။ သီချင်းပုံစံ လေးကတော့ ရိုးရိုးလေးပါပဲ။ ဓအနားမှာရှိရင် ဓ ဆိုတဲ့သီချင်းလေးပါ။ ဝိုင်းစုတို့ နှစ်ယောက် ပြန်ပြီးတော့ ပထမဆုံးတွဲဆိုဖြစ်တဲ့ သီချင်းလေးဆိုလည်း မမှားပါဘူး။

နောက်ပြီး ဦးရွှေဂျော်ဂျော် ရေးပေးတဲ့ No Money No Love ဆိုတဲ့ သီချင်းလေး ဆိုလည်း ဝိုင်းစုအလွန်ကြိုက်တယ်။ ဘဝမှာ ငွေမရှိလည်း အချစ်ရှိရင် ကျေနပ်နေတယ်။ မင်းနဲ့ငါ့ကြားမှာ ငွေက အဓိက မကျဘူး။

အချစ်ကသာ အဓိကကျတာပါဆိုတဲ့ ပုံစံ လေးလုပ်ထားတယ်။ ဝိုင်းစုဆိုနေကျပုံစံထဲက ခွဲထွက်ပြီး ဆိုထားတဲ့ သီချင်းေ လးဆို လည်း မမှားပါဘူးဓဟု ပြောသည်။

Source : goo.gl/RNez85