shared by theingiphyu on 05/11/17  -  burmese.dvb.no  -  News

နှစ်ပေါင်း ၁၆ နှစ်အတွင်း အပြင်းဆုံးမုန်တိုင်းဖြစ်တဲ့ တိုက်ဖွန်း ဒမ်ရေးဟာ နိုဝင်ဘာ ၄ ရက် က ဗီယက်နမ်နိုင်ငံကုန်းမြေကို စတင်ဝင်ရောက်ခဲ့ပါတယ်။

နာဆာက အဆင့် ၂ အဖြစ်သတ်မှတ်ထားတဲ့ မုန်တိုင်းဟာ လာမယ့်သီတင်းပတ်အတွင်း ဗီယက်နမ်မှာ ကျင်းပမယ့် အေပက် (APEC) ထိပ်သီးဆွေးနွေးပွဲမတိုင်မီဝင်ရောက် တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။


လူမှုကွန်ရက်မီဒီယာတွေမှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်တွေမှာ ဗီယက်နမ်တောင်ပိုင်းမြို့တွေဖြစ်တဲ့ ဟိုချီမင်းမြို့နဲ့ ညကျန်းမြို့တွေမှာ လေပြင်းကျရောက်တာ၊ သစ်ပင်တွေအမြစ်ကနေ ကျွတ်ထွက်တာတွေကို တွေ့ရှိရပါတယ်။

တိုက်ဖွန်း ဒမ်ရေးကြောင့် အေပက်ထိပ်သီးဆွေးနွေးပွဲကျင်းပမယ့် ဒါနန်းမြို့အပါအဝင် ဗီယက်နမ်အလယ်ပိုင်းဒေသမှာလည်း မိုးသည်းထန်စွာ ရွာသွန်းဖွယ်ရှိတယ်လို့ ဗီယက်နမ်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Credit- DVB