shared by theingiphyu on 05/11/17  -  kumudranews.com  -  Celebrities

နာမည် ကြီးအနုပညာရှင်များစွာ ပါဝင်ပြီး 7 Sense Flim Production က ထုတ်လုပ်ရိုက်ကူးမယ့် မုန်းစွဲရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးအခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်နေ့ မနက်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အောင်မြေနေ ရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သည်ရုပ်ရှင် ဇာတ်ကားကြီး မှာ နာမည်ကြီးအနုပညာရှင်တွေ ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗို၊ အကယ်ဒမီ ဖွေးဖွေး၊ အေးဝတ် ရည်သောင်းနဲ့ အခြား အနုပညာရှင်များစွာ ပါဝင်တယ်လို့ သိရပါတယ်။ ဒါရိုက်တာ ဩရသရိုက်ကူး ပြီး ဆရာတော် ဆန္ဒာဓိကရဲ့ “အသေလှတဲ့သူ” ဖြစ်ရပ်မှန်တရားတော်ကို ဇာတ်ညွှန်းလွင်မင်း အံ့က ပြန်လည်ရေးသားပြီး ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဩရသက ‘ဒီဇာတ် ကား ကတော့ ရို့မန့်၊ အက်ရှင်၊ ဒရာမာဇာတ်လမ်းပေါ့နော်၊ ပြော ရမယ်ဆိုရင် ဟဲဗီးဒရာမာလို့တောင် ပြောလို့ ရပါတယ်၊ အချိန်အများကြီး ယူပြီးတော့ ပြင်ဆင်ခဲ့ ရတယ်၊ ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ် နေတဲ့အတွက် ရေးတဲ့အခါမှာ လဲ ဆရာတော်ရဲ့ တရားတော် ဖြစ်နေတဲ့အတွက် အမှားအယွင်း နည်း အောင် အဓိပာယ်ကောက်မလွဲ အောင် သေချာဂရုစိုက်ပြီး ရေးခဲ့ရတယ်၊ ဇာတ်လမ်းကတော့ နိုဝင် ဘာလ ၅ ရက်နေ့မှာ စတင်ရိုက်ကူး သွားမှာပါ”လို့ ပြောပါတယ်။

ဇာတ်လမ်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဖွေးဖွေးက “ဖွေးက ဒီဇာတ်ကားမှာ မသဲရုံဆိုတဲ့ အမျိုး သမီးနေရာက ပါဝင်သရုပ်ဆောင် ရမှာပါ၊ ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန် ဇာတ်ကားလေးပါ၊ ကာ ရိုက်တာပိုင်းအတွက် ကြိုတင်ပြင် ဆင်မှုအတွက်ကိုတော့ ရှေးတုန်း က ပုံစံမျိုးပြင်ဆင်ထားပါတယ်၊ ဆံပင်ပုံစံကို အမည်းအရှည်လိုမျိုး ရှေးခေတ်ပုံစံ ခပ်ရိုးရိုးလေးနဲ့ မြန် မာဝတ်စုံလေးတွေကို ပြင်ဆင်ထားတယ်၊ ရှေးတုန်းက ဝတ်တဲ့ အင်္ကျီတွေကို လေ့လာပြီးတော့ ချုပ်ထားပါတယ်”လို့ ဆိုပါတယ်။

ထူးခြားတဲ့ ကာရိုက်တာကို သရုပ်ဆောင်ရမယ့် သရုပ်ဆောင်နေတိုးကလည်း “ဇာတ်လမ်းထဲမှာ တော့ ကာရိုက်တာ နှစ်မျိုးပေါ့၊ ကျွန်တော်ပါဝင်သရုပ်ဆောင်ရမယ့် နေရာပေါ့နော်၊ အဲဒီကာရိုက်တာနှစ်ခုမှာ အမှန်တကယ် စိတ်ကတော့ တစ်ခုတည်းပဲ၊ ဘဝ ပြောင်းသွားတဲ့အခါကျတော့ စိတ် ခံစားမှု အမုန်းတရားတွေကြောင့် ဖြစ်လာတဲ့ ဘဝတစ်ခုမှာ ငြိမ်းချမ်းမှုနဲ့ လွတ်မြောက်ရာကို ရှာဖွေတဲ့ ကာရိုက်တာမျိုးပေါ့၊ ရဟန်းအမြွှာ အနေနဲ့ သရုပ်ဆောင်ရမှာပေါ့”လို့ ပြောပါတယ်။

ဘဝဟောင်းမှာ နေတိုးရဲ့ ဇနီး နေရာက သရုပ်ဆောင်ရမယ့် အေးဝတ်ရည်သောင်းကလည်း “ဒီဇာတ်ကားလေးမှာပါဖြစ်တဲ့ အ ကြောင်းအရင်းက ရိုက်ဖို့ ကမ်းလှမ်းတယ်၊ ကိုယ်တိုင်ကလဲ ဒီဇာတ်လမ်းလေးကို အရမ်းသဘောကျတယ်၊ ကိုယ်လုပ်ရမယ့် ကာရိုက်တာကိုလဲ သဘောကျတယ်၊ ဒါကြောင့်ပါ၊ ကိုယ်တိုင်လဲ လုပ်နိုင်မယ်လို့ ထင်တယ်၊ လုပ်ကြည့်ချင်တဲ့ စိတ်နဲ့ လက်ခံဖြစ်တာ ပါ၊ ဒီမှာတော့ ဇာတ်ကောင်က နှစ်ခုပေါ့နော်၊ ကာရိုက်တာနှစ်မျိုးနဲ့ သရုပ်ဆောင်ရမယ်၊ အရင်ဘဝက ကိုနေတိုးရဲ့ မိန်းမပေါ့နော်၊ ယောကျာ်းကို အရမ်းချစ်ပြီးတော့ အရမ်းအလိုလိုက်တဲ့ မိန်းမတစ်ယောက်ပေါ့၊ နောက်ပိုင်းက တစ်မျိုးပေါ့၊ ရသနှစ်မျိုး ခံစားရမှာပါ” လို့ ပြောပါတယ်။

မင်းသွေးကလည်း  “သရုပ်ဆောင်ပိုင်းက နယ်ကပေါ့နော်၊ တောက လူမိုက် မကောင်းတာတွေ လုပ်တယ်၊ဆိုးသွမ်းတယ်၊  လူမိုက်ဆန်ဆန် ပြောတယ်ဆိုတယ်၊ လူမိုက်ဆန်ဆန် အလုပ်တွေလုပ်တယ်၊ အဲဒီလို  ကာရိုက်တာလေးပါ၊ ညီအစ်ကို တွဲ သရုပ် ဆောင်ရတယ်ဆို ပေမဲ့ ကိုယ့် အပိုင်း ခွဲခြားထားတဲ့အတွက် အရမ်းထွေထွေ ထူးထူး ပြင်ဆင်ရတမျိုး မရှိပါဘူး၊ နှစ်ယောက်ညှိတယ်ဆိုတာထက် ဘာကို ဘယ်လိုလုပ်ရင် ကောင်းမလဲ ပြောပြတာမျိုး ပေါ့ အဆင်ပြေပါတယ်”လို့ ပြောပါတယ်။

မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၅ ရက်နေ့ စစ်ကိုင်းတိုင်း ဂန့်ဂေါနဲ့ ယောဒေသတို့ မှာ သွားရောက်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။



Author / မိပုံ့

Credit - KUMUDRA