shared by theingiphyu on 21/09/17  -  shweinnlay.com  -  News

လူမှုကွန်ရက်စာမျက်နှာ ထိုင်းကဘုန်းကြီးတစ်ပါးရဲ့ဓာတ်ပုံတွေက ပျံ့နှံ့ပြီး လူကြည့်များနေပါတယ်။ ကြွက်သား အစိုင်အခဲ အဖုအထစ်ကြီးတွေနဲ့ တကယ့်ကို နပန်းသမားတစ်ယောက်လို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သင်္ကန်းခြုံ လူရွယ်ဘုန်းကြီးတစ်ပါးရဲ့ ဓာတ်ပုံတွေက အင်တာနက်ပေါ်ကို ပျံ့နှံ့ လာခဲ့ပါတယ်။

ကိုးကိုးနက် ဘန်ကောက်ပို့စ်ရဲ့ သတင်းအတည်ပြုချက်အရတော့ အဆိုပါ ဘုန်းကြီးရဲ့ အံ့အားသင့် စရာကောင်းတဲ့ ဓာတ်ပုံတွေက ဘယ်လိုပျံ့နှံ့သွားသလဲဆိုတော့ မသိဘူးလို့ ဆိုထားပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ သူ့ကို လူသိများ သတိထားမိလာအောင်ပဲ သူကိုယ်တိုင် တင်ခဲ့သလားဆို တာကိုတော့ မူရင်းပို့စ်တင်သူကို မသိတဲ့အတွက်တော့ စဉ်းစားစရာပါ။

ဒါပေမယ့် သင်္ကန်းဝတ် ဘုန်းကြီးတစ်ပါးဖြစ်ပေမယ့် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာအောင်၊ ကျန်းမာအောင် အနေအထိုင်၊ အစားအသောက်နဲ့ ကျန်းမာရေးလိုက်စားမှု၊ လေ့ကျင့်ခန်းလှုပ်ရှားမှုတွေ လုပ်ဆောင် သင့်တယ်ဆိုတဲ့ အကြောင်းကိုတော့ အဆိုပါ ကြံ့ခိုင်သန်းစွမ်းတဲ့ ကိုယ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ ဘုန်းကြီးက သတိပေးနေသလိုပါပဲ။ ကျန်းမာရေးလိုက်စားမယ်၊ ရောဂါကင်းအောင်နေမယ်။ အစားအ သောက်တွေ ရှောင်စားမယ်ဆိုတာကတော့ လူတစ်ယောက်အတွက် ကောင်းမွန်တဲ့ ကျန်းမာရေးအ လေ့အကျင့်တွေပဲ မဟုတ်လား။

အဆိုပါ ဘုန်းကြီးဝတ်နဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်ထားလို့ အင်တာနက်စာမျက်နှာပေါ် နာမည်ကြီးလာရာကနေ ဆိုရှယ်အသုံးပြုသူတွေရဲ့ ထင်ကြေးပေးဝေဖန်ခြင်းအမျိုးမျိုးလည်း ရှိနေတယ် လို့ သိရပါတယ်။

Credit - သဒ္ဒါချို(ရွှေအင်းလေး)