shared by snowde on 19/09/17  -  myanmarload.com  -  Celebrities

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်ဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သူမအနေနဲ့ ဇင်ဝိုင်း (သို့မဟုတ်) အကယ်ဒမီ ခန့်စည်သူကိုသာ မဲပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ စက်တင်ဘာလ(၁၇)ရက်နေ့တွင် သူမ အသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။




“မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကျမ အနေဖြင့် အစကတည်းက ဝန်းရံရန်သာ ရည်ရွယ်ချက်ရှိခဲ့ပါသည်.. ထို့ကြောင့် တကယ်လုပ်ကိုင်နိုင်သူများ လွဲချော်သွားမည်ကို စိုးရိမ်ပါသဖြင့်… ကိုဇင်ဝိုင်း (သို့) ကိုခန့်စည်သူ ကိုသာ မဲပေးကြပါစို့လားရှင်.. ကျမ ကိုယ်တိုင်လည်း.. ကျမတို့ အလွှာ အတွက် ကိုဇင်ဝိုင်း (သို့) ကိုခန့်စည်သူ ကိုသာ မဲပေးမည် ဖြစ်ကြောင်း ပါရှင်…” ဟု ရေးသားထားတာ ဖြစ်ပါတယ်





အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ဟာ ကျရာဇာတ်ရုပ်မှာ ပိုင်ဆိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်တဲ့ အပြင် အောင်မြင်ကျော်ကြားတဲ့ ဂီတအနုပညာရှင် အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျရာ ကာရိုက်တာများတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်မှုတွေနဲ့ သူမရဲ့ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းများကြောင့် ပရိသတ် အခိုင်အမာ ရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။



Credit - Myanmarload