shared by ThiThi on 13/09/17  -  shwemom.com  -  News

ခွဲစိတ်မှုတော်တော်များများကို ခုံခုံမင်မင် ပြုလုပ်လေ့ရှိတဲ့ အမျိုးသားတစ်ဦးဟာ နှာခေါင်းခွဲစိတ်မှုပြုလုပ်အပြီးမှာ ငယ်ပါ အမြဲထောင်မက်နေလို့ ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသားရဲ့အမည်မှာ Neven Ciganovic ဖြစ်ပြီး၊ လိင်ပိုင်းဆိုင်ရာ ထကြွမှုကြောင့် မဟုတ်ဘဲ၊ လိင်အင်္ဂါထောင်မက်နေလို့ အလွန်နာကျင်နေတယ်လို့ Metro က ဆိုပါတယ်။


Neven ဟာ အသက် 45 နှစ်ရှိပြီဖြစ်ပြီး၊ ခရိုအေးရှားလူမျိုးဖြစ်ပါတယ်။ Neven က ” ကျနော်က အီရန်မှာ Rhinoplasty ပြုလုပ်ဖို့ရောက်နေခဲ့တာပါ … အဲဒီတုန်းက British Channel 4 က ကျနော့်အကြောင်းကို မှတ်တမ်း လာရောက် ရိုက်ကူးခဲ့ပါတယ် … ” လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” ဒါပေမယ့် အခုအဖြစ်အပျက်ကိုတော့ မှတ်တမ်းထဲမှာ ထည့်သွင်းရိုက်ကူးခြင်း မပြုခဲ့ပါဘူး … ကျနော်ရော ဒေါက်တာတွေပါ မထင်မှတ်တဲ့ အဖြစ်အပျက်ပါ … သူတို့ပေးတဲ့ ထုံဆေးကတော့ ပုံမှန်ပါဘဲ … သို့ပေမယ့် ကျနော့်အတွက်တော့ အလွန်ဆိုးဝါးပါတယ် “လို့ ပြောပါတယ်။


သူဟာ အခင်းဖြစ်လျှင်ဖြစ်ချင်း Serbian မြို့တော် Belgrade မှာ ဆေးကုသမှု ခံယူနေရပြီး၊ လက်ရှိအချိန်မှာတော့ အခြေအနေ တိုးတက်ကောင်းမွန်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆေးရုံမှာ အဆင်မပြေမှုကိုတော့ သူ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သူ့ကို ဆေးရုံက အကိုက်အခဲပျောက်ဆေး မပေးတဲ့အတွက် သူ့ရောဂါ ခံစားရမှုက ကြာရှည်ခဲ့ကြောင်း ဆိုပါတယ်။

သူရဲ့အခြေအနေဟာ လပေါင်းများစွာ စောင့်ကြည့်ဖို့ လိုအပ်နေပြီး၊ နောက်ထပ်ခွဲစိတ်မှုကို ပြုလုပ်ခဲ့ရလို့ အခြေအနေကတော့ တိုးတက်နေပါပြီ။ ဒီလိုမတော်တဆမှု ဖြစ်ခဲ့ပေမယ့် သူကတော့ ခွဲစိတ်မှုတွေ ဆက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ သူဟာ သူ့မျက်နှာကို သွေးစုပ်ကောင်ရဲ့ အသွင်မျိုး ပြောင်းလဲလိုနေပါတယ်။ ဒါပေမယ့် အပေါင်းအသင်းတွေကတော့ သူ့ကို ခွဲစိတ်မှုမလုပ်ခင်က ပိုပြီးကြည့်ကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

နတ်စည်တော် (Shwemom)
Credit: http://www.shwemom.com/plastic-surgery-addict-left-with-permanent-erection-after-nose-job/