shared by ThiThi on 13/09/17  -  buzzy.com.mm  -  News

တရုတ်နိုင်ငံ Chengdu မြို့တွင်စားသုံးသူတစ်ယောက်ရဲ့စွပ်ပြုတ်ထဲသေးပန်းလိုက်တဲ့ အမျိုးသား မကြာမီက အလုပ်ထုတ်ခံလိုက်ရပါတယ်။ စားသုံးသူရဲ့တိုင်ကြားမှုကြောင့် ရဲတွေလည်းစစ်ဆေးနေရပါတယ်။ အလုပ်လုပ်နေတဲ့ ယောက်ျားကို surprise လုပ်ချင်လို့ မိန်းမဖြစ်သူက အကောင်းဆုံးစွပ်ပြုတ်ကိုမှာယူပြီး သူမယောက်ျားဆီပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ယောက်ျားဖြစ်သူ စွပ်ပြုတ်ကိုသောက်ကြည့်တဲ့အချိန်မှာ စွပ်ပြုတ်ဟာ အလွန်ဆိုးဝါးကြောင်း မိန်းမကိုဖုန်းဆက်ပြီးပြောပါတယ်။ စွပ်ပြုတ်နဲ့ပတ်သတ်ပြီး ဆိုင်ကိုတိုင်ကြားတော့ ဖြစ်ရပ်မှန်ကိုသိလိုက်ရတာဖြစ်ပါတယ်။ အစားသောက်ပို့ဆောင်သူဟာ စွပ်ပြုတ်တစ်ဝက်လောက်ကို သူသောက်ပြီး နောက်တစ်ဝက်ကို သူ့အပေါ့ရည်တွေ နောက်ပြီးထည့်လိုက်ကြောင်းပြောပါတယ်။

ထိုလုပ်ရပ်အတွက် နစ်နာသူတို့ကို ၄၂ဝယွမ်(၆၄ဒေါ်လာ) ဒဏ်ငွေဆောင်ခဲ့ရပါတယ်။ ဆိုင်ပိုင်ရှင်ကလည်း ဒီလိုအလုပ်သမားမျိုး သူ့ဆီမှာတစ်ခါမှမရှိခဲ့ဖူးကြောင်းပြောပါတယ်။ စားသုံးသူလင်မယားကိုလည်း စိတ်ကျေနပ်သည်အထိတောင်းပန်ခဲ့ရပါတယ်။
Credit: