shared by snowde on 11/09/17  -  yomalan.com  -  Celebrities

နိုင်ငံကျော် ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့သမီး ဒိန်းပိုပိုဒေါင် (မြတ်နိုးဦး) တစ်ယောက် နှမချင်းမစာနဲပတဲ့စကားတွေ အွန်လိုင်းကတင်ဆင့် အပြောခံခဲ့ရကြောင်း သိရသည်။



ဒိန်းဒေါင်ရဲ့သမီးက Myat Noe Oo ဆိုသည့် ဖေ့စ်ဘွက်အကောင့်ကို အသုံးပြုနေပြီး စက်တင်ဘာလ ၁ဝ ရက်နေ့ ယခုလို ကြုံတွေ့ခဲရကြောင်း စခရင်ရှုများ နှင့်တကွ တင်ထားတာဖြစ်ပါတယ်။





”ဝိုင်းဆဲ​ပေးကြမလား ချစ်​ဆုံး​လေးတို့
လာ​ပြောရဲတဲ့ သတ္တိ တကယ့်​အံ့မခန်း​ပဲ​နော်​..သူ့အ​ကောင့်​ကို Tag ​ပေးထားတယ်​..သူ့အ​ဖေအ​ကောင့်​ ​အောက်​မှာ Ss ရှိတယ်​..သူ့မိသားစုပုံ​တွေပါ တခါထဲတင်​​ပေးထားတယ်​..အိုခီ..ဟုတ်​ ..ကျိုင်းဇူးပါစင့်​ ” ဟု ရေးသားကာ စခရင်ရှု ၁၁ ပုံတင်ခဲ့သည်။





ညီမကို တစ်နာရီ သိန်း ၅ဝ ပေးမယ် အလုပ်တစ်ခု လုပ်ပေးမှာလား” ဟု ဖေ့စ်ဘွက်အသုံးပြုသူတစ်ယောက်က စပြီး ပြောလာခဲ့သည်။ ”မဖြစ်နိုင်တာတွေ မပြောပါနဲ့အကို” ဟု မြတ်နိုးဦးက ပြန်ပြောခဲ့သည်။





ထိုက်နောက် အပြန်အလှန် ပြောဆိုနေကြပြီး ”အကိုပြောတာ ရှင်းနေပြီလေ ညီမကို အကိုက ဆွဲချင်တာလို့ ပိုက်ဆံ ညီမ တောင်းတာလောက် ပေးပါမယ်” ။ ”အော်ဟုတ်လား” ။ ”ဟုတ်ပါတယ်” ။ ”မလုပ်မပေးဘူးပေါ့ညီ” ထိုနေရာတွင် ဒိန်းဒေါင်ရဲ့သမီးက စကားဖြတ်ကာ ယင်းအကောင့်ပိုင်ရှင်နှင့် သူ့မိဘများ ဓာတ်ပုံတွေကိုပါ စခရင်ရှုရိုက်ပြီး ပရိတ်သတ်များကို ချပြခဲ့သည်။





အောင်မြင်သော ဟာသသရုပ်ဆောင် ဒိန်းဒေါင်းရဲ့သမီးက ဇာတ်ကားအချို့တွင် ပါဝင်သရုပ်ဆောင်နေပြီဖြစ်သည်။ အနုပညာရှင်များ၏ သားသမီးများဖြင့် ရိုက်ကူးသော ”ဆယ်လီ” ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

Credit’ PannPwint