shared by snowde on 04/09/17  -  shweinnlay.com  -  Health

ပေါင်မှာအဆီတွေနဲ့ ကြီးမားနေတာဟာ မိန်းကလေးတွေအတွက် တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ကိစ္စတစ်ခုပါ ။ ကိုရီးယားမင်းသမီးလေးတွေလို ပေါင်တံသွယ်သွယ်လေးတွေ ဖြစ်ချင်ကြတာလည်း အိပ်မက်တစ်ခုပါပဲ ။ ဒါဆိုရင်တော့ အခုပဲ သင့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုပြောင်းပြီး ပေါင်မှာရှိတဲ့ အဆီပိုတွေကို ဖယ်ရှားပစ်လိုက်ပါ ။

၁။လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ပါ ။
ပထမဆုံးအနေဖြင့် လေ့ကျင့်ခန်းလုပ်ဆောင်တဲ့နေရာမှာ ပေါင်အတွက်သီးသန့်မဟုတ်ဘဲ ကယ်လိုရီကျစေမယ့် မည်သည့်လေ့ကျင့်ခန်းမဆို နေ့စဉ်ပုံမှန် နာရီဝက်ခန့် လုပ်ပေးဖို့ပါပဲ ။ ဥပမာ – စက်ဘီးစီးခြင်း ၊ ပြေးခြင်း ၊ ကြိုးခုန်ခြင်း စသဖြင့် လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပါ ။

၂။ အမြင့်တက်ပါ။
တောင်တက်ခြင်း (သို့) ကုန်းမြင့်ပေါ်သို့ ပြေးခြင်း (သို့) လှေကားတက်ခြင်းတို့တို့ကို ပြုလုပ်ပေးပါ ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင့်ရဲ့နလုံးခုန်နှုန်း မြန်ဆန်လာမှုကို ခံစားနိုင်ပြီး ကယ်လိုရီတွေလည်း များစွာ လောင်ကျွမ်းစေနိုင်ပါတယ် ။ ဒါ့အပြင် ပေါင် ၊ တံကောက်ကြောနှင့် ခန္ဓာကိုယ်အောက်ပိုင်းအတွက်လည်း ထိရောက် ကောင်းမွန်စေပါတယ် ။

၃။စားသောက်မှုမှန်ကန်ပါစေ။
အဓိကအားဖြင့် အစားအသောက်စားတဲ့အခါ အမျှင်ဓါတ် နှင့် ပရိုတိန်းဓါတ်များသော အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ် ။ကြွက်သားကျစ်လစ်မှုကို အထောက်အကူပြုမယ့် အစားအစာများကို ရွေးချယ် စားသောက်ပါ ။ အသီးအရွက်နှင့် ဆောလ်မွန်ငါး ၊ ကြက်သားတို့ကို အဓိကထား စားသုံးသင့်ပါတယ် ။ အဆီများသော ဆီကြော်မုန့် ၊ Fast Food လို အစားအစာများကိုတော့ ရှောင်ကြဉ်ပါ။

၎။ရေများများသောက်ပါ။
ဆိုဒါ နှင့် အခြား ချိုသော ဖျော်ရည် ၊သောက်စရာများကို ရွေးချယ်မယ့်အစား အချိန်အတော်များများမှာ ရေကိုသာ သောက်သုံးပေးပါ ။ ပရိုတိန်းဓါတ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အစာမစားခင်မှာ ရေတစ်ခွက်သောက်ပေးပါ ။

၅။ ပေါင်လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
အစားအသာက် နှင့် နေထိုင်မှုပုံစံ ပြောင်းလဲပြီးရင်တော့ ပေါင်အဆီကျစေမယ့် အထူးသီးသန့်လေ့ကျင့်ခန်းတွေကိုလည်း လုပ်ပေးဖို့ မမေ့ပါနဲ့ ။
Credit – Shwe Innlay