shared by snowde on 04/09/17  -  facebook.com  -  Health

ကျွန်တော်တို့အားလုံး လုပ်ဖူးမှာပါ။ ရေသန့်ဘူးအခွံထဲကို နောက်တစ်ကြိမ် ရေပြန်ထည့်သုံးတာမျိုးပေါ့။ ဒီတော့ ပလတ်စတစ် ရေသန့်ဘူးတွေဟာ အန္တရာယ်တစ်စုံတစ်ရာမှ မပေးနိုင်ဘူးလို့သင်ထင်နေသလား။

တကယ်တော့ ဒီပလပ်စတစ်ဘူးတွေက လူ့ခန္ဓာကိုယ်ကို ဒုက္ခတော်တော်ပေးပါတယ်။ ဘာလို့လဲဆိုတော့ BPA (Biphenol A) ဆိုတဲ့ ပလပ်စတစ်ဘူးထုတ်တဲ့အခါသုံးတဲ့ ဓာတုပစ္စည်းဟာ သုံးတာများလာတဲ့အခါ ရေထဲကို ပျော်ဝင်သွားပြီး အန္တရာယ်ရှိတဲ့ ဘတ်တီးရီးယားကို ရေဘူးနံရံတွေမှာ မြန်မြန်ပေါက်ဖွားလာစေပါတယ်။ နောက်ဆက်တွဲကတော့ ကျန်းမာရေးအတွက် သိပ်ကိုဆိုးပါတယ်။

ပလတ်စတစ်ဘူးတွေမှာပါတဲ့ ဓာတ်ပစ္စည်းတွေဟာလည်း ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ လည်ပတ်မှုစနစ်တိုင်းကို သက်ရောက်မှု ရှိစေပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ အမျိုးသမီးတွေအတွက် မျိုးဥပေါက်ဖွားနှုန်းနည်းစေပြီး ကိုယ်ဝန်ဆောင်နိင်ဖို့ အလားအလားနည်းစေပါတယ်။ ရင်သားကင်ဆာ အပါအဝင် အခြားကင်ဆာရောဂါတွေ ကိုပါ ဖြစ်ပွားစေပါတယ်။

သိပ္ပံပညာရှင်တွေ သက်သေပြထားတာ တစ်ခုရှိပါတယ်။ အားကစားသမားတွေ သောက်ထားတဲ့ ရေသန့်ဘူးခွံတွေကို တစ်ပါတ်လောက်အကြာမှာ လေ့လာကြည့်တဲ့အခါ ပျှမ်းမျှအားဖြင့် ရေသန့်ဘူးရဲ့ တစ်စင်တီမီတာ ပတ်လည်တိုင်းမှာ ဘက်တီးရီးယားပေါင်း ကိုးသိန်းလောက်က ပွားများ ပေါက်ဖွားနေတာကိုတွေ့ရပါတယ်။ ဒီအရေအတွက်ဟာ အိမ်သာထိုင်ခုံမှာ ရှိတဲ့ ဘက်တီးရီးယား အရေအတွက်ထက် ပိုများပါတယ်။ ဒီပိုးမွှားတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစေပါတယ်။

အန္တရာယ်ကင်းကင်းနဲ့ ရေသောက်ဖို့ဆိုရင် တစ်ခါသုံးရေသန့်ဘူးတွေကို နောက်တစ်ကြိမ် ပြန်သုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ အဲ့ဒီအစား BPA မပါတဲ့ ပလတ်စတစ် ရေဘူးတွေ သုံးသင့်ပါတယ်။ ပိုကောင်းချင်ရင်တော့ ဖန်နဲ့ စတီး ဘူးတွေကို ပြန်သုံးသင့်ပါတယ်။ ဒါဟာ သင့်ကျန်းမာရေးကို အထောက်အကူ ပြုသလို ပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်ပါတယ်။

ကျန်းမာရေး ဗဟုသုတများအတွက်
Like our page #Thinkayta (သင်္ကေတ)