shared by snowde on 20/08/17  -  facebook.com  -  Other

တစ်​ခါတုန်းက လူတစ်​​ယောက်​က
ဝါးရင်းတုတ်​တစ်ချောင်းကိုခလုပ်တိုက်ပြီးလဲကျသွားတယ်

အဲ့လူကစိတ်​တိုပြီး ဝါးရင်းတုတ်​ကို
ချုံပုတ်​ထဲပစ်​​ပေါက်​လိုက်​တယ်
ဖြစ်​သင့်​လို့ဖြစ်​တယ်​ထင်
သူ​ပေါက်​လိုက်​တဲ့တုတ်​​ချောင်းက
ခွေ​နေတဲ့ ​မြွေ​ဟောက်​တစ်​​ကောင်​​ပေါ်သွားကြတယ်

မြွေကထိခိုက်​မိတဲ့အရှိန်​​ကြောင့်​​ခေါင်းမူးသွားပြီး
သတိနဲ့ပြန်​​ခွေ​နေလိုက်​တယ်
ဒါ​ပေမယ့်​ အရင်​လိုစိတ်​​အေးလက်​​အေး
မ​နေရဲ​တော့

မကြာပါဘူးခဏ​နေ​တော့ အမျိုးသမီးတစ်​​ယောက်
တုတ်​​ချောင်း​လေးကိုင်​ပြီး လမ်း​လျှောက်​လာတယ်
လက်​ထဲကတုတ်​ကငြိမ်​မ​နေပါဘယ်​ညာယမ်းရင်း
တောလမ်း​လေးအတိုင်း​လျှောက်​လာ​တော့
ခွေ​နေတဲ့​မြွေက အသံကြား​တော့
ပါးပြင်​​လေးအသာ​ထောင်​ပြီးကြည့်​တယ်

တဖြည်းဖြည်း အသံကနီးကပ်​လာ​တော့
မြွေက ကာကွယ်​တဲ့အ​နေတဲ့ အသားမနာ​အောင်
အမျိုးသမီးကိုဦး​အောင်​အရင်​​ပေါက်​လိုက်​တယ်

အဲ့​တော့ တကယ်​တမ်း​မြွေကိုထိခိုက်​ခဲ့တာ
ရှေ့ကလူ
ခံစားလိုက်​ရတာက ​နောက်​ကလာတဲ့လူ

မြွေကလည်း သူနာကျင်​ခဲ့ရလို့
နောက်​တစ်​ကြိမ်​ထပ်​မဖြစ်​ဖို့တုန့်ပြန်​လိုက်​တာ
သူ့​နေရာသူအားလုံးကမှန်​ကြတယ်

ကျွန်​​တော်​တို့​တွေမှာလည်း
ကိုယ်​ထိခိုက်​သလို နာကျင်​ရသလို
ခံစားရမှာစိုးလို့ ကိုယ်​ချင်းစာမိလိုက်​တိုင်း
ကိုယ်​မသိတဲ့ တခြားတစ်​ဖက်​မှာအန္တရာယ်​ ကို
ဖိတ်​​ခေါ်သလိုဖြစ်​​နေတတ်​တယ်

တခါတ​လေမှာ ကြုံ​တွေ့ခံစားခဲ့ရမှု​ကြောင့်
ဘာကိုမှလွယ်​လွယ်​မယုံတတ်​​တော့​တဲ့
သံသယ​မြူခိုး​တွေကြားမှာ
ကောင်းမွန်​ခြင်း​တွေလည်း
လက်​လွတ်​ဆုံးရှုံးခဲ့ရခြင်းေ​တွလည်းရှိခဲ့ကြတယ်

တခါတ​လေ ကိုယ့်​လမ်းကိုယ်
အ​ကောင်း​ဆုံး​လျှောက်​လှမ်း​ပေမယ့်
မထင်​မှတ်​ထားတဲ့ပြဿနာ​တွေ
ကိုယ့်​စီကိုမှတည့်​တည့်​ကြီး​ပြေးတိုးတတ်​ကြတယ်

ဘယ်​အရာမှမမြဲဘူးဆို​ပေမယ့်
ပျော်​ရွင်​ခြင်းကိုသာ ခံနိုင်​ရည်​ရှိပြီး
ငတ်​မွ​တ်​ကြတာ
အခက်​ခဲကို​တော့ နှင်းစက်​က​လေးမျှ​တောင်
မကြုံချင်​ကြဘူး...

ကိုယ်​ချင်းစာစိတ်​ဆိုတာလည်း ကိုယ့်​ဆီမှာ
အထိနာခြင်းေ​​တွဆိုတာလည်းကိုယ်​ပဲသိတယ်
ဘာမှန်းမသိလိုက်​ပါပဲခံစားလိုက်​တာလည်းကိုယ်​ပဲ
သိတယ်​....။

အသိ​တွေကြားမှာသ​တိ​လေး​တွေမြဲ​နေခဲ့ရင်
လဲ​ကျ​နေခြင်းမှာ ​နောက်​တစ်​ကြိမ်
ကြိုးစားခွင့်​​တန်း​တူရှိပါတယ်

ဘာမထီဘွား.....အေ​တွးစာစု​လေးများ