shared by ThiThi on 15/06/17  -  searchmyanmar.com  -  Technology

1. Nikola Tesla
Nikola Tesla
NikolaTesla ဆိုတာ ကမ္ဘာပေါ်မှာ လူအသိများဆုံးသော တီထွင်မှုတွေထဲကတစ်ခု

ဖြစ်ပါတယ်။ သူ့ရဲ့ တီထွင်မှုကကောင်းပေမယ့်လည်းတကယ်ကမ္ဘာတစ်ခုလုံးကို လျှပ်စစ်

လုံလုံလောက်လောက်ပေးလို့ရမယ်ဆိုရင်တော့ သင့်ရဲ့နားတွေတက်ကြွလာမှာဖြစ်ပါတယ်။

အောင်မြင်ပြီးသွားတဲ့ အခါမှာတော့ သူဟာ Tesla ကနေကြိုးမပါဘဲ လျှပ်စစ်တွေကိုဆက်သွယ်ယူနိုင်မှာဘဲဖြစ်ပါတယ်။တာဝါတစ်တိုင်ထဲကနေပြီးတော့မြောက်များလှစွာသော

စွမ်းအင်ပမာဏကို ထုတ်ပေးမှာဘဲဖြစ်ပါတယ်။လူတိုင်းနီးပါးဒီတီထွင်မှုကို လက်ခံ

လာတော့မယ့် အချိန်ရောက်ကာနီးမှာဘဲ သူ့ရဲ့ ဓာတ်ခွဲခန်းနဲ့ရှေ့ပြေးပုံစံ

အစီအစဉ်အားလုံးဟာ မီးလောင်သွားခဲ့ပါတယ်။

2. ရေစွမ်းအင်သုံး ကား
ရေစွမ်းအင်သုံး ကား
အသံကြားလိုက်တဲ့ ခဏမှာတင် အံ့သြသွားနိုင်ပါတယ်။ တကယ်လည်းရေနဲ့

လည်ပတ်လို့ရတဲ့ ကားတစ်မျိုးကို တီထွင်ခဲ့ဖူးပါတယ်။ဒီလိုအမျိုးအစားနဲ့ပတ်သက်

ပြီးတော့ အရမ်းကို အောင်မြင်ခဲ့တဲ့ ကားကတော့ Buggy လို့ခေါ်ပြီးတော့တီထွင်သူက

တော့ StanMeyer ဘဲဖြစ်ပါတယ်။ ဒီလို အထင်ကြီးလေးစားစရာကောင်းတဲ့ တီထွင်မှု

ကနေရရှိလိုက်တဲ့ အကျိုးအမြတ်ကတော့ ရေတစ်လီတာကို၄၃ကီလိုမီတာမောင်း

နှင်နိုင်တာဘဲဖြစ်ပါတယ်။ တီထွင်သူကတော့ဒီလိုတီထွင်မှုမျိုးအတွက်ကုန်ကျစရိတ်များ

စွာကုန်ဆုံးခဲ့ပြီး ဒါဟာ သူ့ရဲ့ နောက်ဆုံးတီထွင်မှုတစ်ခုဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။

ဒီတီထွင်မှုဟာအရမ်းကောင်းမွန်ပေမယ့်လည်း Stanဟာ နောက်ထပ်တီ

ထွင်မှုတွေကို လက်လျှော့ခဲ့တာကြောင့် ကမ္ဘာကြီးပြောင်းလဲနိုင်မယ့် အခြေအနေကနေ

ဝေးကွားခဲ့ရပါတယ်။ Stanကတော့ နောက်ဆုံးမှာ အဆိပ်သောက်သေဆုံးသွားခဲ့ပါ

တယ်။

3. Rife စက်ပစ္စည်း
Rife စက်ပစ္စည်း
၁၉၃၄ခုနှစ်မှာ RoyalRife ဆိုသူဟာ ကင်ဆာရောဂါကို တိုက်ထုတ်ဖို့ အတွက် စက်ပစ္စည်းတစ်ခုကိုတီထွင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကင်ဆာဆိုတာဟာ ဗိုင်းရပ်စ်

တစ်ခုလို ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ Rife ဟာပစ်မှတ်တစ်ခုစီကို

လေဆာနဲ့ထိုးပြီး ကူးစက်ခံနေရတဲ့ ဆဲလ်တွေကို ကုသပေးနိုင်တဲ့လေဆာစက်ကို

တီထွင်ခဲ့ပါတယ်။အသက် ၅၀ ရှိပြီဖြစ်တဲ့ Barry Lynes ဆိုသူဟာကင်ဆာရောဂါ

နဲ့ သေလုမြောပါးဖြစ်ခဲ့ပြီးတော့ ဒီကုထုံးနှင့် ကုသလိုက်တဲ့အချိန်မှာတော့ သက်သာ

ပျောက်ကင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း Rife ဟာ သူနဲ့ အတူတူလက်တွဲလုပ်ကိုင်ဖို့

အမေရိကန်ဆေးဝါးဆိုင်ရာအဖွဲအစည်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာကြောင့်

အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ အာဏာကို အသုံးပြုကာစက်ပစ္စည်းရင်းမြစ်တွေကို ဈေး

လျှော့ရောင်းချဖို့နှင့် ဒီကုထုံးကိုနာမည်ဖျက်ဖို့ကြိုးစားခဲ့ကြပါတယ်။

4. Ogle ကာဗရက်တာ
Ogle ကာဗရက်တာ
၁၉၇၀ခုနှစ်တွေတုန်းက TomOgle လို့ခေါ်တဲ့ စက်ပြင်သမားတီထွင်သူတစ်ယောက်

ဟာ ကာဗရက်တာ ပုံစံအသစ်ကို တီထွင်ခဲ့ပါတယ်။ အရင်တုန်းကတစ်ခါမှမမြင်ဘူးတဲ့

ပုံစံကို တီထွင်ခဲ့တာဘဲဖြစ်ပါတယ်။Ogle ရဲ့ကာဗရက်တာဟာ တစ်လီတာထဲနဲ့

၄၉ ကီလိုမီတာအထိမောင်းနှင်နိုင်အောင်စွမ်းဆောင်ပေးနိုင်ပေမယ့် သူ့ရဲ့

တီထွင်မှုဟာ စီးပွားဖြစ်သဘောမျိုး ထွက်ပေါ်မလာခဲ့ပါဘူး။

ကာဗရက်တာရဲ့ သိပ်သည်းမှု အနေအထားကြောင့် အတွင်းမှာအသုံးပြုဖို့ အဆင်မပြေ

ဖြစ်တာကြောင့် Ogleတစ်ယောက် နောက်ဆုံးမှာတော့ သူ့ရဲ့ ဒီဇိုင်းအချက်အလက်တွေ

နှင့် အတူတူသေဆုံးသွားခဲ့ပါတော့တယ်။

5. လျှော်ပင်ဇီဝလောင်စာ
လျှော်ပင်ဇီဝလောင်စာ
ဆေးခြောက်နဲ့ ပတ်သက်ပြီးတော့ လျှော်ပင်ဟာ အမြဲတမ်းနာမည်ဆိုးနှင့် ကျော်ကြား

ပေမယ့်လည်း သူ့ရဲ့ တကယ့် ကောင်းမွန်တဲ့ အကျိုးအမြတ်ကိုသိတဲ့သူနည်းပါတယ်။

ဒီအပင်တွေကနေ အီသနော(အရက်ပြန်)ကို အမြောက်အများထုတ်ယူပြတဲ့အခါမှာ

တော့ သူဟာ တန်ဖိုးအရမ်းမြင့်မားလာပါတယ်။

အခြားကောက်ပဲသီးနှံတွေထက် လျှော်ပင်တွေက အီသနောအမြောက်အများကို ထုတ်ယူနိုင်ပြီးတော့

ပတ်ဝန်းကျင်ကို ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်အောင်ပြုလုပ်ပေးနိုင်တာဘဲဖြစ်ပါ

တယ်။

6. နှလုံးရောဂါအတွက် ကုထုံး
နှလုံးရောဂါအတွက် ကုထုံး
နှလုံးရောဂါကြောင့် ကမ္ဘာ့နေရာအနှံ့မှာ သေဆုံးရသူတွေအမြောက်အများရှိခဲ့ပြီ

ဖြစ်ပါတယ်။ ဒီလိုအချက်တွေကြောင့်လည်း နှလုံးရောဂါကိုကုသနိုင်ဖို့ အတွက် ကုထုံး

ကို ရှာဖွေဖို့ဆိုတဲ့ အချက်ဟာ အရေးကြီးလာခဲ့ပါတယ်။ Rife လို့ခေါ်တဲ့စက်တစ်ခု တိမ်း

စောင်းသွားခဲ့တဲ့ နောက်ပိုင်း ဒီဟာက နောက်ထပ်တီထွင်မှုတစ်ရပ်ဖြစ်ပြီးတော့ကုသခံသူကို

အသက်ရှုမွန်းကြပ်သွားစေနိုင်ပါတယ်။

အမေရိကန်ဆေးဝါးအဖွဲ့ချုပ်ရဲ့ ဖော်ပြချက်အရ ဒီစက်ကိုကိုယ်တိုင်ကုသဖို့အတွက်ကော

ဆရာဝန်တွေဆီမှာ ကုသဖို့အတွက်ကော မူပိုင်ခွင့်မပေးထားပါဘူး။ဒါ့အပြင်ဒီစက်နဲ့

ပတ်သက်ပြီးတော့ ချို့ယွင်းချက်တွေရှိနေသေးတာကိုလည်းထုတ်ပြောခဲ့ပါတယ်။

အချို့သော ဝေဒနာရှင်တွေဆိုရင်မူလအခြေအနေထက်ပိုမိုဆိုးရွားသွားတာလည်း

ရှိခဲ့ပါတယ်။

7. လျှပ်စစ်ကား (တစ်စီးလုံး လျှပ်စစ်နှင့်လည်ပတ်တဲ့ကား)
လျှပ်စစ်ကား (တစ်စီးလုံး လျှပ်စစ်နှင့်လည်ပတ်တဲ့ကား)
၁၉၉၀ ခုနှစ်တွေနောက်ပိုင်းမှာ GM ဟာပထမဦးဆုံးသော လျှပ်စစ်ကားတွေကို

ထုတ်လုပ်ခဲ့သူဖြစ်ခဲ့ပြီး ပထမဦးဆုံးဈေးကွက်ကိုတင်သွင်းခဲ့သူလည်းဖြစ်ခဲ့ပါတယ်။

ဒီကားဟာ အခုလက်ရှိ လျှပ်စစ်ကားတွေနှင့် စာရင် အရမ်းကြီးအထင်ကြီးစရာမရှိဘူး

လို့ထင်ရပေမယ့်လည်း သူဟာ အခုလျှပ်စစ်ကားတွေရဲ့ပထမဦးဆုံးသော ကားဖြစ်ပါ

တယ်။

GM ဟာစတင်တုန်းက အရေအတွက်၈၀၀ကိုသာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းက သတင်းတွေအရ GM ဟာဝယ်ယူသုံးစွဲသူအနေနဲ့ ဘတ္ထရီစွမ်းအင်တွေကို စိတ်ပျက်ပြီးတော့ ဒီအပိုင်းအစတွေကိုအသုံးပြုမယ့် အစား အကျိုးအမြတ်ရှိတဲ့ အခု ထုတ်ကုန်ကို ကြိုက်နှစ်သက်

ကြမယ်လို့ မျှော်လင့်ထားခဲ့ဖူးကြောင်းသိရပါတယ်။

8. Sloot Digital Coding
Sloot Digital Coding
ဒီတီထွင်မှုကတော့ ၁၉၉၉ခုနှစ်ကတည်းကပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

မော်ဒန်နည်းပညာတွေကြားထဲမှာမှတိုးတက်ရေးနည်းလမ်းတစ်ခုဖြစ်ပြီးတော့

ဒီ codingတီထွင်မှုဟာ ခေတ်ပေါ်ကွန်ပျူတာတွေနဲ့ မိုဘိုင်း ပစ္စည်းတွေမှာရှိတဲ့

နေရာလပ်တွေနှင့် ထည့်သွင်းသိုလှောင်နိုင်စရာနေရာတွေကိုအခြေခံကျကျ နည်းလမ်း

မှန်မှန်နှင့် ပြောင်းလဲပေးနိုင်မှာဘဲဖြစ်ပါတယ်။နယ်သာလန်နိုင်ငံသား RomkeJan Bernhard Sloot ကတီထွင်ဖန်တီးခဲ့တာဖြစ်ပြီး အချက်အလက်တွေကို သိသာထင်ရှား

စွာနှင့် သိပ်သည်းကျစ်လျစ်စေနိုင်မှာဘဲဖြစ်ပါတယ်။ ဈေးကွက်အတွင်းမှာတော့ ရုပ်ရှင်ကားကြီးတစ်ကားစာကို ၈ကီလိုဘိုက်ထဲနှင့် သိမ်းဆည်းနိုင်တယ်ဆိုတာကို ရုပ်ပုံကားချပ်တွေနဲ့ ဖော်ပြခဲ့ဖူးပါတယ်။

ဝယ်ယူသူတွေနှင့် ရင်းနှီးမြုပ်နှံသူတွေကတော့ ဒီလိုအံ့သြစရာကောင်းတဲ့ တီထွင်မှု

အတွက်တန်းစီစောင့်ဆိုင်း နေတုန်း Sloot ဟာဒီပရောဂျက်ရဲ့မူလရင်းမြစ်ကုတ်ဒ်

တွေကို မပေးအပ်မှီ ရက်ပိုင်းအတွင်းလေးမှာဘဲ ရုတ်တရက်သေဆုံးသွားခဲ့ပါတော့

တယ်။

9. လူနေအဆောက်အဦးများအတွက် အသုံးပြုဖို့ အတွက် နျူကလီးယား စွမ်းအင်
လူနေအဆောက်အဦးများအတွက် အသုံးပြုဖို့ အတွက် နျူကလီးယား စွမ်းအင်
နျူကလီးယားစွမ်းအင်ကနေရရှိတဲ့ လျှပ်စစ်စွမ်းအင်

ဖြစ်အောင်ပြုလုပ်ပေးနိုင်တဲ့ ပမာဏအနည်းငယ်ကတောင်သီးသန့်လူထုတစ်ခုအတွက်

အချိန်အကန့်အသတ်မရှိ လျှပ်စစ်စွမ်းအင်ပေးစွမ်းနိုင်တယ်လို့ယေဘူယျအားဖြင့်

ယုံကြည်ထားကြပါတယ်။

ဒီနည်းပညာဟာ ဈေးကွက်မှာ ပြုလုပ်ရောင်းချနိုင်လုဆဲဆဲဖြစ်တဲ့ အချိန်လည်းရောက်ရော

တီထွင်သူတွေက ရုတ်တရက် စိတ်ပြောင်းသွားခဲ့ကြတာကြောင့် အဲဒီ နည်းပညာကလူမရှိသူမရှိ အေးတိအေးစက်နိုင်တဲ့ ရုံးခန်းလေးတွေရဲ့ တွင်းတစ်တွင်းထဲကိုရောက်သွားခဲ့ပါတယ်။

အကောင်းဆုံးတွေထဲကတစ်ချက်ကတော့ အကန့်အသတ်မရှိ

ရနိုင်တဲ့ လျှပ်စစ်စွမ်းအင်ဟာ အလကားဘဲဖြစ်ဖြစ် (သို့)တန်ဖိုးနည်းနည်းနှင့်ဘဲ ရရှိ

နိုင်မှာဖြစ်ပါတယ်။

10. မိုးခေါ်စက်
မိုးခေါ်စက်
မိုးကိုအမိန့်ပေးပြီး ရွာစေနိုင်တဲ့ စက်တစ်မျိုးဟာအောင်မြင်ပြီးတဲ့နောက်မှာမှ ပိတ်သိမ်းခံခဲ့ရတာပါ။ WilhelmReich လို့ခေါ်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ မိုးခေါင်ခြင်းဆိုတဲ့သဘောတရားကို သတိထားမိသွားခဲ့ပြီးတော့ ဒီလိုမိုးခေါင်ခြင်းဟာ သူနေထိုင်ရာ ပြည်နယ်ကဘလူးဘယ်ရီသီးတွေ ခူးဆွတ်ချိန်မှာ ဖြစ်ပေါ်တတ်တာကြောင့် သူဟာ မိုးခေါ်တဲ့ စက်ကိုတီထွင်ဖြစ်ခဲ့ပါတော့တယ်။

Bangor နေ့စဉ်သတင်းစာရဲ့ဖော်ပြချက်အရအဲ့ဒီစက်ကိုနယ်မြေမှာ မိုးလေ၀သကြိုတင်ကြေညာထားခြင်းမရှိဘဲ

ပထမဦးဆုံးအကြိမ်စမ်းသပ်ဖို့ ကြိုးစားခဲ့သေးတယ်လို့သိရပါတယ်။

နာရီအနည်းငယ်လောက်နဲ့ Reich ဟာ စက်ကိုပြင်ဆင်ပြီးစတင်

လည်ပတ်စေခဲ့တဲ့ အခါမှာတော့မုန်တိုင်းတိမ်တိုက်တွေဖြစ်လာပြီးတော့ မိုးရေချိန်

ဝ.၆၄ စင်တီမီတာအထိ သည်းထန်စွာ ရွာသွန်းခဲ့ပါတော့တယ်။

သူ့ရဲ့နည်းပညာဟာ အချို့သော ပြည်သူပိုင်နေရာတွေကိုခြိမ်းခြောက်ခဲ့တာကြောင့်

အစိုးရအနေနဲ့ သူ့ရဲ့သုသေတနပြုလုပ်ချက်တွေကိုပိတ်သိမ်းခိုင်းခဲ့ပြီးတော့ သူ့ရဲ့

အလုပ်တွေနှင့် ၎င်းစက်ပစ္စည်းကိုပါ ဥပဒေအာဏာဖြင့်သိမ်းပိုက်ခဲ့ပါတော့တယ်။
Credit:buzzy.com.mm