shared by ThiThi on 08/03/17  -  momolay.com  -  Health


ရင်သား တင်းတင်းလေး ဖြစ်ပြီး ကြည့်ကောင်းစေဖို့အတွက် လိမ်းဆေးတွေရှိသလို သောက်ဆေးတွေလည်း မျိုးစုံအောင် ရှိပါတယ်။ ဓာတုပစ္စည်းတွေပါဝင်တဲ့အရာတွေနဲ့ ရင်သားတင်းရင်းအောင် မပြုလုပ်ချင်ဘူးဆိုရင်တော့ မိမိကိုယ်တိုင် သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်လို့ ရပါတယ်။ လွယ်လည်းလွယ်ကူသလို ငွေကုန်လည်းသက်သာတဲ့ နည်းလမ်းကောင်းလေးပါ။

ရင်သားတင်းရင်းစေမယ့် သဘာဝလိမ်းဆေးကို အရင်ဆုံး ပြုလုပ်ပါမယ်။ ပန်းကန်တစ်ခုထဲမှာ ဘဲဥတစ်လုံးကို ဖောက်ထည့်ပါ။ ဘဲဥကို မွှေပါ။ ပြီးမှ ဗီတာမင် E လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ ပျားရည် လက်ဖက်စားဇွန်း (၁) ဇွန်းတို့ကို ရောစပ်ပါ။ ရင်သားမှာ လိမ်းပေးပါ။ လိမ်းရင်းနဲ့ ရင်သားကို ပင့်တင့်ပြီး ညှင်ညှင်သာသာလေး နှိပ်နယ်ပေးပါ။ ခြောက်သွားတဲ့အခါ ဘရာစီယာ တင်းတင်းလေး နာရီဝက်လောက် ၀တ်ထားပေးပါ။ နာရီဝက်ပြည့်တဲ့အခါ ရေနွေးနွေးလေးနဲ့ လိမ်းဆေးအနှစ်တွေကို ဆေးကြောပေးပါ။


တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ တစ်လကြာတဲ့အခါ သိသိသာသာ တင်းရင်းလာမှာ အသေအချာပါပဲ။

Ref: glowpink

ဖြိုးပြည့်သူ(မိုမိုလေး)