shared by knight on 21/11/12  -  yoyarlay.com  -  Shopping

မကြာသေးမီ ကာလ အတွင်း Apple ကုမ္ပဏီကြီးမှ ၄င်းတို့၏ products အသစ် များစွာကို တစ်ပြိုင်နက် ကြော်ငြာ ခဲ့ပြီးနောက် မြန်မာပြည် ပြည်တွင်း ဈေးကွက်တွင် Apple ၏ idevices များ အကြီးအကျယ် ဈေးနှုန်း ကျဆင်းလျက် ရှိကြောင်း သိရသည်။
New iPad (iPad3) များမှာ ယခင် ၄၅၀ဝ၀ဝ ခန့်ပေါက်ဈေးရှိခဲ့သော်လည်း ယခုအခါ ၃၉၉၀ဝ၀ ကျပ်သို့လည်းကောင်း၊ iPad 2 များကို ယခုအခါ ၃၅၉၀ဝ၀ ကျပ်ဖြင့် လည်းကောင်း၊ မကြာသေးမီကမှ ထွက်ရှိထားသော iPhone 5 မှာလည်း ယခင်ရောင်းဈေး ၁၀ သိန်းကျပ်မှ ၇၉၉၀ဝ၀ ကျပ်နှင့် pre-order ဈေးနှုန်း ၇၅၀ဝ၀ဝ ကျပ်သို့လည်းကောင်း ကျဆင်းသွားခဲ့သည်။
နောက်ဆုံးထွက်ရှိထားသော iPad 4 model သစ်ကို ၄၉၉၀ဝ၀ ကျပ်မှ စတင်ရောင်းချပေးလျက်ရှိပြီး လူစိတ်ဝင်စားမှုအများဆုံး ဖြစ်သော iPad mini မှာ ဈေးကွက်အတွင်းပစ္စည်းလိုသလောက် မရနိုင်သေးသောကြောင့် ဈေးနှုန်းကျဆင်းမှုနည်းလျက်ရှိကြောင်း သိရသည်။
အထက်ပါ Apple idevices များနှင့် တွဲဖက်သုံးစွဲမဲ့ accessories များ၊ လိုအပ်သည့် ဝန်ဆောင်မှုများအားလုံးကို တစ်နေရာထဲတွင် ဝယ်ယူအသုံးပြုလိုပါက NEO TECH ကွန်ပျူတာ ဖုန်း- ဝ၁-၃၉၈၁၉၉၊ ဝ၁-၇၁၀၇၅၂၊ ဝ၉- ၅၀၄၃၁၂၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။