Home  | Sites  | Click  | Maps  | Collections
Login |  Sign Up 
 
 Press Office
www.searchmyanmar.com - Monday, 25 August 2008

      ယခုအခါ အွန်လိုင်းပေါ်မှာ မြန်မာဝက်ဘ်ဆိုက် အများအပြားရှိလာပြီ ဖြစ်တဲ့အတွက် အဲဒီဝက်ဘ်ဆိုက်တွေကို ရှာဖွေနိုင်မယ့် မြန်မာဝက်ဘ်ဆိုက်တွေ စုစည်းဖော်ပြထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ဒီတစ်ပတ် အင်တာနက်ဂျာနယ်ရဲ့ မြန်မာဝက်ဘ်ဆိုက်အညွှန်း ကဏ္ဍမှာ ဖော်ပြပေးလိုက်ပါတယ်။www.searchmyanmar.com လို့ခေါ်တဲ့ ဒီဝက်ဘ်ဆိုက်မှာ မြန်မာဝက်ဘ်ဆိုက်တွေကို ရှာဖွေကြည့်ရှုလို့ ရအောင် ကဏ္ဍအလိုက်ခွဲခြား ဖော်ပြပေးထားပါတယ်။
      ဒီဝက်ဘ်ဆိုက်မှာ ရှာဖွေလို့ရတဲ့ ကဏ္ဍတွေကတော့ စာအုပ်၊ လုပ်ငန်းဆိုင်ရာ၊ အနုပညာဆိုင်ရာ၊ ဆက်သွယ်ရေး၊ ပညာရေး၊ ဖျော်ဖြေရေးနဲ့ ခရီးသွား ဆိုင်ရာစတဲ့ ၀က်ဘ်ဆိုက်တွေကို ၀င်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး Browse ကနေလည်း ရှာဖွေနိုင်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ မြန်မာဝက်ဘ်ဆိုက်တွေကို ရှာဖွေနိုင်တဲ့အပြင် သတင်းတွေ၊ သီချင်းတွေ၊ ဗီဒီယို အသစ်တွေကို ဖော်ပြပေးထားပြီး ဗေဒင်ဝါသနာရှင်တွေ အတွက်လည်း ဟောပြောချက်တွေ ဖော်ပြပေးထားပါတယ်။ သတင်းတွေအနေနဲ့ မိုးလေ၀သ သတင်းတွေ၊ ဂိမ်းသတင်းတွေကို ဖော်ပြပေးထားပြီး အခြား စိတ်ဝင်စားဖွယ်ရာ ကဏ္ဍလေးတွေကိုပါ ၀င်ရောက်လေ့လာ နိုင်ပါတယ်။ ဒါကြောင့် ဒီဝက်ဘ်ဆိုက်မှာ မြန်မာဝက်ဘ်ဆိုက်တွေကို ရှာဖွေကြည့်ရှုနိုင်မယ့်အပြင် စိတ်ဝင်စားဖွယ်ရာ ကဏ္ဍတွေပါ ပါရှိတဲ့အတွက် ၀င်ရောက်လေ့ လာသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။

Internet Journal အတွဲ (၉)၊ အမှတ် (၃၂)
 
 Language
ENGLISH  MYANMAR

 Search


  Yangon Restaurants
 

Popular Users